တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ လျှောက်ထားနိုင်သည်။ လျှောက်ထားသူသည် –
(က) ဝင်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။
(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်း ရမှတ်(၃၆၀)နှင့်အထက်ရရှိရမည်။
(ဃ) တောတွင်းလက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး(က)အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါပြည့်စုံသူဖြစ်ရမည်။
(င) မိုင်(၂၀) လမ်းလျှေက်စွမ်းရည်စစ်ဆေးမှု အောင်မြင်ရမည်။